Slide 1
Iron & Steel Industry
Slide 2
Pharmaceutical Industry
Slide 3
Petrochemical Industry
Slide 4
Marine & Agro Export Industry
previous arrowprevious arrow
next arrownext arrow
History

Dynasty Group

DYNASTY GROUP သည် ပင်မအဖွဲ့အစည်း (၄) ခုဖြစ်သော IRON & STEEL, CHEMICAL AND PETROLEUM, PHARMACEUTICAL, နှင့် EXPORT INDUSTRY များဖြင့် ဖွဲ့စည်းတည်ထောင် ထားပါသည်။ ကျွန်ုပ်တို့ DYNASTY GROUP ၏ တည်ထောင်သူသည် သူ၏အိပ်မက်ကိုအကောင်အထည် ဖော်ရာတွင် များစွာသော အခက်အခဲများကိုဖြတ်ကျော်ပြီးမှသာလျှင် ထိုအဖွဲ့အစည်း (၄)ခုကို အောင်အောင်မြင် မြင်တည်ထောင်နိုင်ခဲ့ခြင်းဖြစ်ပါသည်။

ဤသို့အဖွဲ့အစည်း (၄)ခု ဖြစ်တည်ဖို့ရာအတွက်လည်း တည်ထောင်သူ၏ကြိုးစားအားထုတ်မှုသည် အနည်းငယ်မျှလျော့နည်းသွားခြင်း မရှိဘဲ နေ့စဉ်နှင့်အမျှအရှုံးမ ပေးကာ ဆက်လက်ကြိုးစားလျှက်ရှိပါသည်။ တည်ထောင်သူသည် PIONEER IRON & STEEL ကိုစတင်လုပ်ဆောင်ရန်  ၂၀၁၂ ခုနစ်တွင် ‌သူ၏အတွေး၌ဖြစ်ပေါ်လာခဲ့ပါသည်။ တည်ထောင်သူ၏ ကြိုးစားအားထုတ် မှုအပြင် ဘိုးဘေးဘီဘင်မှရရှိခဲ့သော ပညာအမွေနှင့်အကြံဉာဏ်များဖြင့်ပေါင်းစည်းကာ ဤ DYNASTY GROUP ကိုတည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။ တည်ထောင်သူ၏အိပ်မက်ဖြစ်သော IRON & STEEL INDUSTRY ကို PIONEER STEEL COMPANY အမည်ဖြင့် ၂၀၁၂တွင်တည်ထောင်နိုင်ခဲ့ရာ ယခုလက်ရှိတွင် အအောင်မြင်ဆုံးကုမ္ပဏီအဖြစ် ရပ်တည်နေပါသည်။

နောက်ပိုင်းတွင် အခြားသောကုမ္ပဏီ (၃)ခုဖြစ်သော ဆေးနှင့်ပတ်သတ်သောကုမ္ပဏီ၊ chemical ကုမ္ပဏီနှင့် export ကုမ္ပဏီ များတည်ထောင်နိုင်သည်အထိ ကြီးမားကျယ်ပြန့်လာပါသည်။ တည်ထောင်သူနှင့် သူ၏အဖွဲ့သားများအားလုံး သည် သတ်မှတ်ထားသော ရည်မှန်းချက်ပန်းတိုင်ကိုရရှိရေးအတွက် နေ့စဉ်နှင့်အမျှကြိုးစားနေပြီး DYNASTY GROUP ကိုမြန်မာပြည်အနှံ့ အောင်မြင်ကျော်ကြားသော ကုမ္ပဏီကြီးတစ်ခုဖြစ်အောင် ဆက်လက်လုပ်ဆောင်နေပါသည်။ ထို့အပြင် DYNASTY GROUP တည်တံ့ခိုင်မြဲရန်အတွက် အဖွဲ့သားများအားလုံးသည် နောက်ဆုံး ထွက်သက်အထိလက်ဆင့်ကမ်းလုပ်ကိုင်သွားမည်ဖြစ်ပါသည်။

ကျွန်ုပ်တို့၏မျှော်မှန်းချက်

ကမ္ဘာတစ်ဝှမ်းရှိ ဝယ်ယူသုံးစွဲသူများအတွက် ကမ္ဘာ့ယုံကြည်စိတ်ချရဆုံးနှင့် ဆန်းသစ်တီထွင်မှုအရှိဆုံး ထုတ်လုပ်သူ၊ တင်ပို့သူ၊ တင်သွင်းသူ၊ ဖြန့်ဖြူးသူ၊ ဝန်ဆောင်မှုနှင့် ဖြေရှင်းချက်ပေးနိုင်သူဖြစ်ရန်မျှော်မှန်းပါသည်။

ကျွန်ုပ်တို့၏ကျင့်ဝတ်များ

အရည်အသွေးမြင့်မားသောထုတ်ကုန်များ၊ဝန်ဆောင်မှုများအား နိုင်ငံတကာ ဝယ်ယူသူများဆီသို့ ထုတ်လုပ်ပံ့ပိုးပေးခြင်း၊ စဉ်ဆက်မပြတ် တိုးတက်မှုကို အာရုံစိုက်နေသော ဝန်ထမ်းများ၏ ဆန်းသစ်သော နည်းပညာများကို အသုံးချကာဝယ်ယူသူများဆီသို့ သက်ဆိုင်ရာ ဝန်ဆောင်မှုများနှင့် ဖြေရှင်းချက်များကိုလည်းတာဝန်ယူပံ့ပိုးပေးခြင်း၊ စသည့် ကျင့်ဝတ်များအားလိုက်နာရန် သတ်မှတ်ထားပါသည်။

အရည်အချင်းပြည့်မီပြီး စံချိန်စံညွှန်းကိုက်ညီသော ထုတ်ကုန်များကို ပြည်ပနိုင်ငံများသို့ တင်ပို့ခြင်း၊ အခြားနိုင်ငံမှ တင်သွင်းခြင်းနှင့် ပြည်တွင်းဈေးကွက်များတွင် ဖြန့်ဖြူးရောင်းချခြင်းတို့ဖြင့် ကျွန်ုပ်တို့၏လုပ်ငန်းကို တိုးပွားလာစေရန်နှင့် အရည်အသွေးပြည့်ဝသောထုတ်ကုန်များ ဝယ်ယူသူများထံသို့ လက်ဝယ်ရောက်ရှိရန် ရည်ရွယ်ထားပါသည်။

DYNASTY GROUP ၏အခြေခံတန်ဖိုးများ

လှုပ်ရှားမှုကိုဦးတည်သော

ကျွန်ုပ်တို့၏ လုပ်ရပ်သည် စကားလုံးများထက် ပိုကျယ်လောင်သည်။

ဝယ်ယူသူများထံသို့ ကျွန်ုပ်တို့၏ကတိ

ကျွန်ုပ်တို့၏ဝန်ဆောင်မှုများသည် ဝယ်ယူသူများမျှော်လင့်ထားသည့်အတိုင်း ဖြည့်ဆည်းပေးသွားမည့် ရိုးရှင်းသော အာမခံချက်တစ်ခုဖြစ်သည်။

အရည်အသွေးပြည့်မှီခြင်း

ကျွန်ုပ်တို့အရည်အသွေးကောင်းမွန်စွာထုတ်လုပ်ထားသော ထုတ်ကုန်များကို ဝယ်ယူသူများထံသို့ အရည်အသွေးပြည့်မှီသောထုတ်ကုန်များသာ ပံ့ပေးခြင်းဖြင့် ထုတ်လုပ်လျှက်ရှိပါသည်။

တာဝန်ခံမှု

ကျွန်ုပ်တို့၏အလုပ်တွင် ပြည်တွင်းပြည်ပတွင်ဖြစ်စေ တာဝန်ကိုလက်ခံခြင်းသည် ယုံကြည်စိတ်ချမှုနှင့် ပြီးပြည့်စုံမှုကို တည်ဆောက်ရန် အဆုံးစွန်သောနည်းလမ်းဖြင့်တာဝန်ယူခြင်းဖြစ်သည်။

သမာဓိ

ကျွန်ုပ်တို့၏လုပ်ငန်းတစ်ခု ကြီးထွားရန်အတွက် လူတိုင်းကို တူညီစွာ ဆက်ဆံခြင်းနှင့် အဖွဲ့၀င်များနှင့် လုပ်ငန်းခွင်တွင် ရိုးသားမှုရှိခြင်းသည် ကျွန်ုပ်တို့၏ ခိုင်မာသောကျင့်ဝတ်ဖြစ်သည်။

အဖွဲ့လိုက်လုပ်ဆောင်ခြင်း

"Talent သည် ဂိမ်းများကို အနိုင်ယူနိုင်သော်လည်း အဖွဲ့လိုက်လုပ်ဆောင်မှုနှင့် ဉာဏ်ရည်ဉာဏ်သွေးသည် ချန်ပီယံဆုများကို ဆွတ်ခူးနိုင်သည်" ကိုလက်ကိုင်ထားခြင်းသည် စီးပွားရေးတွင် ခိုင်မာသောအဖွဲ့တစ်ဖွဲ့ဖြစ်ရန် ကျွန်ုပ်တို့ယုံကြည်သည်။

Our Directors

Mr. Than Lin

Mr.Than Lin is one of the directors of DYNASTY GROUP and the director of Iron and Steel Industry as well. He is a qualified and an experienced member with participatory leadership skill to promote the team and provide empowerment within the company for development. He graduated with a Bachelor Degree from University of Distance Education in Myanmar Major and a Master Degree from Eastern University of Yangon. As extracurricular activities,He achieved a skill evaluation certificate from the Building and Construction Authority. He is a diploma holder of leadership course from Myanmar Management Institute and Human Resources Management course from Strategy First Institute. He has over 30 years of experience in miscellaneous industries as a leader in Human Resources and Administration, General Manager and now as a director.

mr-than-lin-director